ပုလောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပုလော ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်  ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်းများကို ယနေ့တွင်စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/သူများအေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ အထက(၁၀) ကျောင်း၊ အထက-ခွဲ(၇)ကျောင်း၊ အလက (၈)ကျောင်း၊ အလက-ခွဲ (၁၅)ကျောင်း၊ မူလွန် (၂၃)ကျောင်း၊ အမက(၉၃) ကျောင်း၊ အမက-ခွဲ (၄)ကျောင်း စုစုပေါင်း    (၁၆၀) ကျောင်းရှိပြီး၊ ၂၀၂၂-၂၀၂၃  ပညာသင်နှစ်တွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ရက်သတ္တပတ်ကျောင်းအပ်နှံရေးလှုပ်ရှားမှုအစီအစဉ်တွင် ကျောင်းသား/ကျောင်းသူ ၁၄၃၂၀  ဦး လာရောက်အပ်နှံခဲ့ကြောင်းပညာရေးဌာနမှ သိရသည်။

အဆိုပါကျောင်းများဖွင့်လှစ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်မိဘများက ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိပြီး အနာဂတ်လူငယ်လေးများ အေးချမ်းစွာဖြင့် ယနေ့ပညာစတင်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

အေးအေးမော်(ပုလော)