ရပ်စောက်မြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ရပ်စောက် ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်း၌ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင်အခြေခံပညာအထက်တန်းကျောင်း (၉)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၁၈)ကျောင်း၊ အလယ်တန်းကျောင်း (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၁၃) ကျောင်း၊ မူလတန်းကျောင်း (၁၃၁) ကျောင်းနှင့် မူလွန်ကျောင်း (၅၁) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၂၃၂) ကျောင်းရှိပြီး (၁-၆-၂၀၂၂)ရက်နေ့အထိ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၂၁၈)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၄၁၉၄)ဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၅၃၇၅)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၀၇၄၂)ဦး လာ‌ရောက်အပ်နှံထားကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)