စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ (၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ကျောင်း သား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။