လက်ပံတန်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ပဲခူးမြို့ဟံသာဝတီ ယူနိုက်တက်ဘောလုံးကွင်း၌ ဇွန် ၈ ရက် ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ဗိုလ်လုပွဲစဉ်တွင် လက်ပံတန်းမြို့နယ် အသင်းနှင့် ဝေါမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လက်ပံတန်းမြို့နယ်အသင်းက ဝေါမြို့နယ်အသင်းအား (၂) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ကျပ် (၁၀) သိန်းအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် U-19 ဘောလုံးအသင်းအနေဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား တံခွန်စိုက်ဆုကို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ဘောလုံးအသင်းကို လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်မင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား / ကျောင်းသူများနှင့် ပြည်သူများက လှိုက်လှဲစွာဂုဏ်ပြုကြိုဆို ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)