ဖောင်ကြီးအရှေ့ကျေးရွာနှင့် ကြာအင်းအနောက်ကျေးရွာတို့တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

လှည်းကူး ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား / သူများ ကိုဗစ်-၁၉ ရောဂါ  ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီက လှည်းကူးမြို့နယ်၊ ဖောင်ကြီးအရှေ့ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ကြာအင်းအနောက်ကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်း များတို့တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ / မများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်း ညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးနောက် ကျောင်းသား / သူ များအား မိနစ် (၃၀) ခန့် အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာတွင် အသက် (၅) နှစ်မှ (၁၂) အထိ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသား / သူ (၂၀၅)ဦး၊ ကြာအင်းအနောက်ကျေးရွာ အုပ်စုတွင် ကျောင်းသား / သူ (၆၈၆) ဦး၊ စုစုပေါင်း ကျောင်းသား / သူ (၈၉၁) ဦးထိုးနှံပေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော ကျောင်းသား / သူ များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဇူလိုင်လ (၁၀) ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)