သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ
နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများသို့ စာငှားဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်
Jun 09,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုနိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာဌားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်ခန့်က မြို့နယ်တရားရုံးနှင့် သစ်တောရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။
ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အလယ်တန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Jun 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး အလယ်တန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သွေးလွန်တုပ်‌ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများဆောင်ရွက်
Jun 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ ဇွန် ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ငှက်‌ပျောတောကျေးရွာအုပ်စုတို့တွင် ခြင်ခိုလှုံပေါက်ဖွား နိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန် အတွင်းသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ မိုးစပါး ဧက ၂၉၀၀၀ ကျော်လျာထားစိုက်ပျိုးမည်
Jun 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးစပါး ဧက ၂၉၀၀၀ ကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ‌ဒေါ်မြင့်မြင့်ရီက ပြောကြားသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Jun 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁ဝ) နာရီကစ၍ အမှတ်(၅)အခြေခံပညာ အထက်တန်း‌ကျောင်း၌ ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁)နည်းဗျူဟာကွပ်ကဲမှုအဖွဲ့မှ နယ်လှည့်ဆေးကုသရေး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး
Jun 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁)နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်း ဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်း ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင် ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းခရိုင်ဦးစီးမှူးရုံးဆိုင်းဘုတ် တင်ပွဲအခမ်းအနားကျင်းပ
Jun 09,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းခရိုင်ဦးစီးမှူးရုံးဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို