သတင်းများ

ပျဉ်းမနားမြို့နယ်၌ ၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲတွင် ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း
Jun 02,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ဇွန် ၁ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဓမ္မာစရိယစာမေးပွဲတွင် ကြီးကြပ်ဆရာတော် များနှင့် စာဖြေသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီးတွင် ဆက်ကပ်လှူဒါန်းခဲ့သည်။
ချောက်မြို့နယ်တွင် စာဖတ်ဝိုင်းပြုလုပ်
Jun 02,2021
မကွေးတိုင်းဒသကြီး၊မကွေးခရိုင်၊ချောက်မြိုနယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၁)နာရီက ဝန်ထမ်းများ အနေဖြင့် စာဖတ်သည့်အလေ့အထများရရှိရန်နှင့် စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင် အတွင်း ကျွမ်းကျင်မှု ရှိစေပြီး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားစေရေး ရည်ရွယ်ပြီး ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကိုကျင်းပပြုလုပ်ခဲ့သည်။
လင်းခေးတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ပထမအကြိမ် COVID-19 ကာကွယ်ဆေးထိုးနှံထားပြီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသနေပြည်သူများအား ဒုတိယအကြိမ် ထပ်မံထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနရှိ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ တာဝန်ရှိသူတို့က ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကျင်းပလျှက်ရှိ
Jun 02,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တိုက်ကျောင်း ပါဠိတက္ကသိုလ်တွင် ၂၀၂၁ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲများ၊ ဓမ္မာစရိယစာမေးပွဲများ၊ နိကာယ်ငါးရပ်ပါဠိတော်စာမေးပွဲများကို ဇွန်လ ၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ဒုတိယနေ့အဖြစ် ဇွန်လ ၂ ရက်နေ့တွင် စာဖြေသံဃာများ အစိုးရ ဓမ္မာစရိယ စာမေးပွဲများကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
တနင်္သာရီမြို့နယ်အတွင်း(၂၀၂၁-၂၀၂၂)ခု ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
Jun 02,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်း များအား ဇွန်လ ၁ရက်နေ့ နံနက်၇နာရီ၃၀အချိန်မှစ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန် ချက်နှင့်အညီ ဖွင့်လှစ်ကြောင်းသိရှိရသည်။
သထုံမြို့၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 02,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မြသပိတ် တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာ မကျောင်းတိုက်၊ သထုံစာဖြေဌာန၌ ယမန်နေ့ နေ့လယ်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ရဟန်း၊ သံဃာတော်များနှင့် သီလရှင်များ လာရောက်ဖြေဆိုနေကြကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် မွေးစမှ(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jun 02,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှ အသက်(၁)နှစ်ခွဲ အရွယ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။