ကျောက်ဆည်ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် အလယ်တန်းအဆင့်ပုံပြောပြိုင်ပွဲနှင့် မူလတန်းအဆင့် ဆေးရာင်ချယ်ပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌနတွင် ယနေ့နံနက်ပိုင်းက ကျောင်းသား/ကျောင်းသူစာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိစေရန်နှင့် စာပေဖတ်ရှုသည့်အလေ့ အထများရရှိစေရန်အတွက် အလယ်တန်းအဆင့် ပုံပြောပြိုင်ပွဲနှင့်မူလတန်းအဆင့် ဆေးရောင်ချယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား/ကျောင်းသူများ စာ ကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိစေပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ပေါ်ပေါက်လာကာ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတများပိုမိုကြွယ်ဝလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ထူးချွန်ထက်မြက်သည့်လူငယ်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဦးစီးမှူးဒေါ်မြမြမွန်က စာဖတ်သူများသည် လူပုံအလယ်တွင် ပွဲလယ်တင့်သူများ ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်သား/ကျေင်းသူများအနေဖြင့် ငယ်ရွယ်စဉ်အခါကပင် စာအုပ်စာပေများ ကို စွဲမြဲစွာဖတ်ရှုသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပုံပြောပြိုင်ပွဲနှင့်ဆေးရောင်ချယ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့်နှင့်ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူအား အမှတ်တရ လက် ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သက်မောင်