ဝေါမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်၍ ပြိုလဲခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့​ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ဝေါ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မိုးနက်ကျေးရွာအုပ်စု၊ မဝါတဲစုကျေးရွာတွင် ဇွန် ၈ ရက်နေ့၊ ည ၁၀ နာရီခန့်နှင့် ကမာကဘန်ကျေးရွာအုပ်စုအတွင်းရှိ ကမာကဘန်ကျေးရွာ၊ လေးအိမ်စု ကျေးရွာတို့တွင် ယမန်နေ့နံနက် ၉ နာရီခွဲတို့၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေနှင့်  ထောက်ပံ့ပစ္စည်း (၁၇)မျိုးတို့အား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို    ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးမှုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပေးသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စု များအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ပျက်စီးဆုံးရှုံးမှုတန်းဖိုးအလိုက် မိုးနက် ကျေးရွာ အုပ်စု၊ မဝါတဲစုကျေးရွာမှ ပြိုကျပျက်စီးသည့် လူနေအိမ်(၃)လုံးနှင့် အမိုးလန် ပျက်စီးသည့် လူနေအိမ်(၂) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၆၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၈၃၀၀)ကျပ် စုစုပေါင်းငွေ(၅၀၈၃၀၀)ကျပ်နှင့် ထောက်ပံ့ပစ္စည်း (၁၇)မျိုးတို့ကိုလည်းကောင်း၊ ကမာကဘန်ကျေးရွာ အုပ်စုအတွင်းရှိ ကမာကဘန်ကျေးရွာ၊ လေးအိမ်စုကျေးရွာတို့မှ ပြိုကျပျက်စီးသည့် လူနေအိမ်(၅)လုံးနှင့် အမိုးလန်ပျက်စီးသည့် လူနေအိမ်(၅)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၈၅၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၈၄၀၀၀)ကျပ် စုစုပေါင်းငွေ(၉၃၄၀၀၀)ကျပ်နှင့် ထောက်ပံ့ပစ္စည်း(၁၇)မျိုးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက လေဘေးသင့် အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

စိုးမိုး