သတင်းများ

ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌‌ ကျပန်းစကား‌ပြောပြိုင်ပွဲ ကျင်းပ
Jun 09,2022
ပြန်ကြား‌ရေးနှင့်ပြည့်သူဆက်ဆံ‌ရေးဦးစီးဌာန၊ ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးထက်မြက်မြင့်မား လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့် အ‌‌လေ့အထများ၊ လူအများနှင့် ပြောဆိုရာတွင် ပြောရဲသည့် အလေ့အကျင့်များရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်ရည်ရွယ်၍ ကျပန်းစကား‌ ပြောပြိုင်ပွဲကို ယနေ့၊ နံနက် ၁၀ နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။
ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းကို အင်းစိန်မြို့နယ်၌ ဖွင့်လှစ်
Jun 09,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက်
ပုလောမြို့နယ်၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် တောင်သူ ၁၃၀၀ ဦးအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများထုတ်ပေး
Jun 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့နယ်  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ပုလောကုန်းကျေးရွာရှိ တောင်သူများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် အခြေခံပညာကျောင်းများတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jun 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ အသက်(၅)နှစ်နှင့် (၁၂)အတွင်းရှိ ကျောင်းသား/သူများကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးခဲ့သည်။
ပုလောမြို့နယ်၌ အသက် (၅)နှစ် မှ (၁၂)နှစ်ထိ ကျောင်းသား/သူများအား  ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jun 09,2022
ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိသော အခြေခံပညာကျောင်း သား/ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို  ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲက  မကျည်းကုန်းကျေးရွာ အမက ကျောင်း၌ ထိုးနှံပေးလျက်ရှိသည်။
သိန္နီမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူ (၁၀၈၁)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံပြီးစီး
Jun 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးစီးသူဦးရေ(၁၀၈၁) ဦးရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ စားသုံးသူရေးရာအသိ ပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Jun 09,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေအပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်ကစားသုံးသူရေးရာအသိပညာပေး(Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မန္တလေးတိုင်းဂုဏ်ဆောင်အားကစားသမားများနှင့်နည်းပြများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jun 09,2022
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မန္တလေးတိုင်းဂုဏ်ဆောင်အားကစားသမားများနှင့်နည်းပြများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမတွင် ကျင်းပသည်။