ကြံခင်း ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေးနှင့် ဒေသအပူချိန် လျှော့ချ နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မြို့နယ် မီးသတ်တပ်ဖွဲ့ရုံးဝန်းအတွင်းတွင် မိုးရာသီ အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်က ပျိုးပင်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့များကို ပေးအပ်ခဲ့ပြီး တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြရာ ကျွန်းနှင့် မန်ဂျန်ရှား ပျိုးပင်ပေါင်း (၃၀)ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)