ဒဂုံ​မြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအချင်းချင်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံတောင် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ဌာနဆိုင်ရာများ အချင်းချင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေမျိုးအောင်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏ လုံခြုံရေး အထူးဂရုပြုကြရန်၊ ပြောဆိုဆက်ဆံရာတွင် ချိုသာယဉ်ကျေးစွာဆက်ဆံကြရန်၊ ငွေကြေး ကိစ္စများ ရှင်းလင်းစွာ ပြုလုပ်ဆောင်ရွက်ကြရန်၊ စာသင်ကျောင်းများတွင် သင်ကြားပေးသူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုက်ညီမှုရှိစေရေး စီစဉ်ပေးရန်၊ စသည်များ လမ်းညွှန်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းက ဆွေးနွေးပြောကြားရာတွင် မိမိတို့ ရုံးလုံခြုံရေးများအထူးဂရုပြု ဆောင်ရွက်ကြပါရန်၊ ရုံးပိတ်ရက်များတွင်လည်း ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းကိစ္စများအတွက် ဆက်သွယ်ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြရန်စသဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေမျိုးအောင်မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း​​ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

သက်မင်းဟန်(ဒဂုံတောင်)