ဘုတ်ပြင်းမြို့အတွင်းရှိ အသက် (၅) နှစ်နှင့် (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဘုတ်ပြင်း   ဇွန်    ၁၀

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အသက် () နှစ်နှင့် (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ထားသည့် ဆေးထိုးစုရပ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဆေးထိုးအဖွဲ့များက  အထကတောင်ဒဂုံကျောင်း၊ မူလွန်အောင်မင်္ဂလာကျောင်းနှင့် အခြေခံပညာကျောင်း ဆေးထိုးစုရပ်များတွင် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ဆေးထိုးနှံခြင်းကို ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၂ ရက်နေ့မှစတင်ကာ သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ဆေးထိုးနှံပေးလျက်ရှိပြီး ဇွန်လ ၉ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၅၁၃၄) ဦးအား ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ဖြစ်သည်။ ဘုတ်ပြင်းမြို့နယ်အတွင်း  အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများတွင် အသက် () နှစ်နှင့် (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဆေးထိုးအဖွဲ့များက သတ်မှတ်ထားသည့် ဆေးထိုးစုရပ် များတွင် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)