သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မရမ်းချိုတွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးဟောပြောပွဲကျင်းပ

သာပေါင်း ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာအုပ်စု၊ မရမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မရမ်းချိုတွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပရာ အစည်းအဝေးခန်းမ ကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျေးလက်ကျန်းမာရေးဌာန၊ ဆရာမမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရာ အခြေခံအကြောင်းအရာများ၊ ရောဂါဖြစ်ပွားလာပါက လက္ခဏာများ၊ သံသယဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာန ဆေးခန်းများသို့ စနစ်တကျပြသ ကုသကြရန်၊ သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားစေရေး တစ်ကိုယ်ရေ၊ ပတ်ဝန်းကျင်တို့တွင် ပြုမူနေထိုင် ဂရုစိုက်ကြရန်တို့ကို သရုပ်ပြ အသိပညာပေးရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်