သတင်းများ

ကျွန်းလှမြို့နယ်၌ အခြေခံပညာကျောင်းများဖွင့်လှစ်
Jun 02,2021
၂၀၂၁ -၂၀၂၂ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့မှ စတင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် ယနေ့အထိကျောင်းသား၊ ကျောင်းသူများ တက်ရောက် ပညာ သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောက်မဲမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Jun 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ မြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့‌ပေးသည့် ဒုတိယသုံးလပတ် အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေများကို  ယနေ့ နံနက်ပိုင်းတွင် အမှတ် (၁) ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးဝင်းကြိုင်မြင့်နှင့် တာဝန်ရှိသူများက ဘိုးဘွားများ၏ လက်ဝယ်အရောက်  သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 02,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို မေလ ပထမပတ်မှှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ကမော့ကပိုမျိုးသန့်ခြံ၌ ၂၀၂၁ခုနှစ် မိုးရာသီ ပြောင်းချိုစိုက်ပျိုးပွဲကျင်းပ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတက်ရောက်
Jun 02,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စုရှိ တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသော ကမော့ကပိုမျိုးသန့်ခြံတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၁ ခုနှစ် မိုးရာသီပြောင်းချိုစိုက်ပျိုးပွဲကို ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
မကွေးမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 02,2021
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မဟာဝိသုတာရာမ (တောင်စာသင်တိုက်)တွင် ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လယ်(၁၂) အချိန်က စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ကော့ကရိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဗဟို)မှ လက်ဆေးဘေစင်များ လှူဒါန်း
Jun 02,2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ လက်ဆေးစေခြင်းဖြင့်  ကိုဗစ် -၁၉ ရောဂါ ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ဗဟို)မှ ပေးပို့သော စတီးလက်ဆေးဘေစင်များကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က  ကော့ကရိတ် ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ တာဝန်ရှိသူများက စနစ်တကျ ပြန်လည်ဖြန့်ဝေလှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင်  ဒေသဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်  ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
သာယာဝတီမြို့နယ်တွင် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ ကျင်းပ
Jun 02,2021
၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း၌ စာဖြေဌာနအသီးသီးတွင် ဇွန်လ(၁)ရက်မှ စတင်ကျင်းပလျက်ရှိရာ ယနေ့ ဒုတိယမြောက်နေ့ အဖြစ် သာယာဝတီစာဖြေဌာနကို ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်တွင် ကျင်းပလျက်ရှိသည်။