ကွမ်းခြံကုန်းမြို့နယ်၌ စားသုံးသူရေးရာအသိပညာပေး(Talk Show )ကျင်းပ

ကွမ်းခြံကုန်း   ဇန်နဝါရီ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွမ်းခြံကုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ Community Centre ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show ကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန့်ဆွေနွယ်ဦးနှင့် ကွမ်းခြံကုန်းမြို့နယ်မြို့နယ်တာဝန်ခံ(ဒေါ်နွယ်နွယ်အေး)တို့က စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်တွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ခြင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအကြောင်းအရာများကို အသိပညာ ပေးဆွေနွေးခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍

ပြည်သူ့စာကြည့်တိုက် Online page မှတစ်ဆင့်စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင်စာအုပ်များငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်းနှင့်(Talk Show)အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်(IPRD)