သတင်းများ

မုဒုံမြို့နယ်တွင် ကိုက်လန်တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူ တောင်သူများ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ
Jan 18,2023
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ကိုက်လန်စိုက် တောင်သူများ မိသားစု အပိုဝင်ငွေရရှိသည်။ မုဒုံမြို့နယ်တွင် ရာဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး၊
အမရပူရမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတတိယအကြိမ် (Booster Dose) ထိုးနှံမှုကိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကွင်းဆင်းကြည့်ရှု
Jan 18,2023
အမရပူရခရိုင်ခရိုင်၊အမရပူရမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ် ထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတတိယအကြိမ်(Booster Dose)ကို ယနေ့နံနက် ၉ နာရီအချိန်က ရှမ်းကလေးကျွန်း ကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက(၂၂၆၈၅)ဧက စိုက်ပျိုးပြီးဖြစ်
Jan 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကုလားပဲ စိုက်တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီသော ကုလားပဲများကို သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့်‌ ပြောင်းလဲစိုက်ပျိုးလာကြပြီး ဆောင်းကုလားပဲစိုက်ဧက (၂၂၆၈၅)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ဖား​ဆောင်းမြို့နယ် ​ကျောက်ပဲညို​ကျေးရွာတွင် ​ဆောင်း​နေကြာစပ်မျိုး​ရေဆင်း(၁)စံပြကွက် စိုက်ခင်း(၃)ဧက ရိတ်သိမ်း​နေမှုကို တာဝန်ရှိသူများ ကြည့်ရှုအား​ပေး
Jan 18,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ​ကျောက်ပဲညို​ကျေးရွာတွင် ဆောင်း​​နေကြာစပ်မျိုး​ရေဆင်း (၁)စံပြကွက်စိုက်ခင်း(၃)ဧက ရိတ်သိမ်း​နေမှုအား မြို့နယ်စိုက်ပျိုး​ရေးကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များက ယ​နေ့နံနက်(၈)နာရီအချိန်က သွား​ရောက်ကြည့်ရှုအား​ပေးခဲ့​ကြကြောင်း သိရသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jan 18,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန် မြင့်မားလာစေရန် ရည်ရွယ်၍  ယနေ့ နံနက် ၁၀ နာရီ အချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူကျောင်းသားများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster dose)ဆက်လက်ထိုးနှံ
Jan 18,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်  ထိုးနှံပြီးစီးမှုကာလ (၅)လပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ၊ကျောင်းသားများအား (Myancopharm) ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Booster dose) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ဆောင်းသီးနှံ နေကြာစိုက်ခင်းများ
Jan 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ ခါမ်းပါတ်မြို့အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားသော ဆောင်းသီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် လက်ဖက်အင်းကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်း ဆောင်ရွက်
Jan 18,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင် စီမံကိန်းဖြင့်ကျေးရွာများ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင် ရန်ပုံ‌ငွေပြန်လည် ထုတ်ချေးခြင်းကို လက်ဖက်အင်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။