နတ်မောက်မြို့နယ်တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅ နှစ်မှ ၁၂ နှစ် အထိ) ကျောင်းသား/သူများအား (Booster Sinopharm)  တတိယအကြိမ် ထုံးနှံပေး

နတ်မောက် ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်  တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Sinopharm)   ထပ်ဆောင်းကာကွယ်ဆေးကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အသက်(၅)နှစ်မှ(၁၂)နှစ်အထိ မူလတန်း ကျောင်းသား/သူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Sinopharm)  ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျောင်းသား/သူလေးများအား ဆရာ/မများက အမည်စာရင်းများရေးသွင်းပေးခြင်း၊ မြို့နယ် ကျန်းမာရေးဌာနရှိ ဆရာ/ဆရာမများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လှဝင်း