ကွမ်းခြံကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကျင်းပ

ကွမ်းခြံကုန်း ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းဇာတိမာန်ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဗိုလ်မှူးသီဟန်ထွန်း၊ မြို့နယ်ပညာရေးမှူးဦးဦးသန်းမောင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းအေးတို့က ဖဲကြိုးဖြတ်အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူးဦးဦးသန်းမောင်က အမှာစကားပြောကြားခဲ့ကာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းအေးကကျောင်းကြီး၏ တစ်နှစ်တာလုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားဆက်လက်ကျင်းပရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ပြည်နယ်အဆင့်မြို့နယ်အဆင့်၊  ကျောင်းအဆင့်ဆင့်တို့တွင် ကာယ၊ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် ကျောင်းသား/ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်သို့  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆွေနွယ်(IPRD)