သတင်းများ

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှတစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ ရေရှည်တည်တံ့အောင် မြစိမ်ရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိ
Jan 19,2023
မန္တလေးတိုင်းဒေသကြီး  ဝမ်းတွင်းမြို့နယ်အတွင်းရှိကျေးရွာနှစ်ရွာမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး မွေးမြူးရေးနှင့် အရောင်းအဝယ်လုပ်ငန်းများရေရှည်တည်တံ့အောင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျောက်ဆည်မြို့  အမှတ်(၈)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌   ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 19,2023
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အမှတ်(၈)အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ(၁၂)ရက်  နံနက်၉နာရီ(ခွဲ)ကအဆိုပါကျောင်း ယဇနစာသင်အဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ
Jan 19,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသားလူငယ်များ အထွေထွေဗဟုသုတများ တိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ​မြင့်မားလာစေရန်အတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်
Jan 19,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာတိုးတက်ကောင်းမွန်စေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် (၁ဝ)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်
Jan 19,2023
စာဖတ်ခြင်းဖြင့်သင့်ဘဝ၏ အတွေးအခေါ်များကို မြှင့်တင်ပါ၊ ပြန်လည်မျှဝေပေးပါ၊ တစ်ဦးနှင့်တစ်ဦး စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးအသုံးချတတ်စေရန် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းအနေဖြင့် ​ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် စာရေးဆရာလူထုစိန်ဝင်းရေးသားသည့် လမ်းဖောက်သူဖြစ်ပါစေ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့နံနက် ၁၀ နာရီ ကစုကလိမြို့ ပြည်သူစာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်၊ ကျေင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံ
Jan 19,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်ရည်ရွယ်၍ ကျောင်းအခြေပြု အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Myancopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
ဝမ်းတွင်းမြို့နယ်တွင်  “လူကုန်ကူးမှု တိုက်ဖျက်ရေး”  ဟောပြောပွဲနှင့် အသိပညာပေးဆွေးနွေးပွဲများကျင်းပ
Jan 19,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင်  “လူကုန်ကူးမှု တိုက်ဖျက်ရေး”   အသိပညာပေးဟောပြောပွဲ၊ “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင်ရောင်းဝယ်မှုတားဆီးရေး”အသိပညာပေးဟောပြောပွဲကို ယမန်နေ့ကအခြေခံပညာအထက်တန်းကျောင်းခွဲဝမ်းတွင်း(၁)တွင်ကျင်းပပြုလုပ်ခဲ့သည်။