သတင်းများ

အ.ထ.က-ခွဲ(မိုင်းကိုင်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jan 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးကြစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ပေါက်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးသည့် လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့မနက်ပိုင်းက  အ.ထ.က-ခွဲ(မိုင်းကိုင်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြကို ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့၌ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်
Jan 19,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်ရည်ရွယ်၍ မြို့ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက အမှိုက်သိမ်း ယာဉ်ဖြင့် ပွင့်ဖြူ၊ မင်းဘူးသွား ကားလမ်းတစ်လျှောက် လမ်းဘေး(ဝဲ ၊ ယာ)ရှိ စွန့်ပစ်ပလပ်စတစ်အမှိုက်များ   စုပေါင်းကောက်ယူရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောက်မယ်မြို့နယ် နမ့်ယွန်းခန်းမ၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ် နမ့်ယွန်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
သဲကုန်းမြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအ‌ကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်
Jan 19,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်လူမှုဝန်ထမ်းရုံးမှ ပြုလုပ်သည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို သဲကုန်းမူလတန်းကြိုကျောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယုမြို့၌ လူငယ်ရေးရာအသိပညာပေး Talk Show ကျင်းပ
Jan 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ပေး
Jan 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ငဖဲမြို့နယ် မင်းလွင်ကျောင်းကုန်း အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်ကလေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်
Jan 19,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် လူငယ်ရေးရာအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက မင်းလွင်ကျောင်းကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jan 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။