ပုဏ္ဏားကျွန်း ဇန်နဝါရီ ၁၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်ရည်ရွယ်၍ ကျောင်းအခြေပြု အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ၊ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Myancopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း စသည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး၊ ပုံမှန်အခြေအနေရှိသူများကိုသာ ထပ်ဆောင်းကိုဗစ်-၁၉ကာကွယ်ဆေး (Myancopharm)အား ထိုးနှံပေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထပ်ဆောင်းကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား/သူ (၁၄၃၃၂)ဦးရှိရာ ယမန်နေ့က အခြေခံပညာကျောင်း(၇)ကျောင်းတွင်ထပ်ဆောင်း ကိုဗစ်-၁၉ကာကွယ်ဆေး (Myancopharm) ထိုးနှံသူ (၄၇၃)ဦးရှိပြီး၊ ယနေ့အထိ ထပ်ဆောင်း (Booster) ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၈၅၆၃)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နီထွန်းအောင်