ကျောက်ဆည်မြို့  အမှတ်(၈)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌   ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အမှတ်(၈)အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ(၁၂)ရက်  နံနက်၉နာရီ(ခွဲ)ကအဆိုပါကျောင်း ယဇနစာသင်အဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စုံညီပွဲတော်တွင် အမှတ်(၈)အခြေခံပညာမူတန်း(လွန်)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးဆွေက ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့်အမျိုးသားအောင်ပွဲနေ့နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသောကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ၂၀၂၂-၂၀၂၃ပညာသင်နှစ် KGတန်း၊  GRADE-1 ၊ GRADE-2 ၊ GRADE-3 ၊  GRADE-4 ၊ GRADE-5 အတန်းများ၌ ကာယ/ဉာဏ ပြိုင်ပွဲများတွင်ထူးချွန် ကျောင်းသား/ကျောင်းသူများအား ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ/ဆရာမများက ဆုများချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

သက်မောင်(ခရိုင်၊ပြန်/ဆက်)