မိတ္ထီလာ ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်းရှိကျေးရွာနှစ်ရွာမှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး မွေးမြူးရေးနှင့် အရောင်းအဝယ်လုပ်ငန်းများရေရှည်တည်တံ့အောင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများရေရှည်တည်တံ့အောင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ် ၃၀၀ ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာမှ ဖလန်ကန်ကျေးရွာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေလုပ်ငန်းလုပ်ကိုင်သူ ၉၇ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၈၃ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁ ဦးတို့အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ၄၉.၇၅ သန်းကို ထုတ်ချေးပေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် အောင်သာကျေးရွာတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်မှ စတင်၍ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၂ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၇ဦးတို့အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ၃၀.၃ သန်း ကိုထုတ်ချေးပေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
အဆိုပါမြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိသည့် ဖလန်ကန်နှင့် အောင်သာကျေးရွာများရှိ စီမံကိန်းလုပ်ငန်းများ၊ ငွေစာရင်းထိန်းသိမ်းမှုလုပ်ငန်းများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)