ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ညောင်လေးပင် ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသားလူငယ်များ အထွေထွေဗဟုသုတများ တိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ​မြင့်မားလာစေရန်အတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ဉာဏ်စမ်းပဟေဠိများအား မေးမြန်းရာ ကျောင်းသားလူငယ်များမှ ပြန်လည်ဖြေကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းသားလူငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အားကစားပြိုင်ပွဲ၊ စာဖတ်ဝိုင်း၊ အသိပညာပေး Talk Show များ ကျင်းပပြုလုပ်လျက်ရှိရာ နောက်လများတွင်လည်း အလားတူပြိုင်ပွဲများ ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်