ဝမ်းတွင်းမြို့နယ်တွင်  “လူကုန်ကူးမှု တိုက်ဖျက်ရေး”  ဟောပြောပွဲနှင့် အသိပညာပေးဆွေးနွေးပွဲများကျင်းပ

ဝမ်းတွင်း ဇန်နဝါရီ  ၁၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင်  “လူကုန်ကူးမှု တိုက်ဖျက်ရေး”   အသိပညာပေးဟောပြောပွဲ၊ “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင်ရောင်းဝယ်မှုတားဆီးရေး”အသိပညာပေးဟောပြောပွဲကို ယမန်နေ့ကအခြေခံပညာအထက်တန်းကျောင်းခွဲဝမ်းတွင်း(၁)တွင်ကျင်းပပြုလုပ်ခဲ့သည်။

‌ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးဝင်းကျောင်သူ ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင် အမှတ်(၁)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး သိန်းထိုက်အေးက  လူကုန်ကူးမှုဆိုင်ရာသိကောင်းစရာများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့နှင့် ပတ်သက်သည့်သိကောင်းစရာများ၊ လူကုန်ကူးမှုအမျိုးအစားများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုမဖြစ်ပွားရေးအတွက်ဆောင်ရွက်နေမှုများကို ကျယ်ကျယ်ပျံ့ပျံ့ဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့နောက် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမြင့်ဌေးက “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင်ရောင်းဝယ်မှုတားဆီးရေး”ဆိုင်ရာကို အသိပညာပေးဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစသောဆေးဝါးများ တရားမဝင်ရောင်းဝယ်မှုတားဆီးရေးဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးဝင်းကျောင်သူ အမှတ်(၁)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်မှူးဒုတိယရဲမှူး သိန်းထိုက်အေးနှင့် ဒုတိယရဲမှူးသက်ထွန်းအောင်၊ ဒုတိယရဲအုပ်ရဲမင်းသူနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ ဆရာဆရာမများ တက်‌ရောက်ခဲ့ကြပြီး အသိပညာပေးဟောပြောပွဲများကို အခြေခံပညာအထက်တန်းကျောင်းခွဲ၊ဝမ်းတွင်း(၁)၊အခြေခံပညာအထက်တန်းကျောင်း(သဲတော-ဝမ်းတွင်း)၊ အခြေခံပညာ အထက်တန်းကျောင်း(သဲတော)တို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်

ဌေးလှိုင်(ဝမ်းတွင်း)