သတင်းများ

တနိုင်းမြို့နယ် အခြေခံပညာမူလတန်းလွန်-ကောင်ဂျာကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 20,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် အခြေခံပညာမူလတန်းလွန် - ကောင်ဂျာ ကျောင်းတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက အဖွင့်အနေဖြင့် “ကြိုဆိုပါသည်စုံညီပွဲတော်” တေးသီချင်းအား သီဆိုဖျော်ဖြေခဲ့ကြသည်။
ကျိုက်လတ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်
Jan 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကျိုက်လတ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဆောင်ရွက်လျက်ရှိသည်။
မအီမြို့၌ ဘုရားဖူးခရီးသည်များ ယခင်နှစ်များထက် စည်ကားများပြား
Jan 19,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ ဗုဒ္ဓစက်တော်ရာ၊ ရတနာမာရ်အောင်တောရဓမ္မရိပ်သာနှင့် မြို့ပတ်ဝန်းကျင်ရှိ မာရ်ငါးပါးစေတီတော်များ၌ ဘုရားဖူးခရီးသည်များမှာ ယခင်နှစ်များထက် စည်ကားများပြားလာသည်ကို တွေ့ရှိရကြောင်း ဒေသခံများက သိရသည်။
မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေး ဟောပြောပွဲကျင်းပ
Jan 19,2023
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်  မြစ်သားမြို့နယ်တွင်ကျောင်းသား ကျောင်းသူများ  မူးယစ်ဆေးဝါးမှရရှိသည့်ဆိုးကျိုးများကိုသိရှိစေရန်ရည်ရွယ်၍  မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၂)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jan 19,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွား လာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချ တတ်စေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ (၃) နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jan 19,2023
ဥပဒေရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ထုတ်ဝေသည့် “ကလေးအလုပ်သမားဆိုင်ရာဥပဒေ ပညာပေးလက်ကမ်းစာ​စောင်များဖြန့်ဝေခြင်းကို  ယနေ့နေ့လယ် ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း ကျိုက်မရော၌ ပြုလုပ်ခဲ့သည်။
မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဆိုင်းဘုတ်မုခ်ဦးဖွင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 19,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆိုင်းဘုတ် သဘာဝကျွန်းတိုင် မုခ်ဦးဖွင့်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အဆိုပါ ကျောင်းဆိုင်းဘုတ်မုခ်ဦးနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ‌ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများ ၊ကျောင်းအကျိုး‌တော်ဆောင်အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Jan 19,2023
ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပခဲ့သည်။