ကလိန်အောင် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာတိုးတက်ကောင်းမွန်စေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် (၁ဝ)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က လူငယ်တွေအတွက် ပညာရေးဟာအဓိက ရည်မှန်းချက်ဖြစ်ပါကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲကို အ-ထ-က ကလိန်အောင်ကျောင်းမှ ကျောင်းသား ကျောင်းသူ(၃၂)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့