သတင်းများ

တွံ​တေးမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ
Jan 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ထပ်ဆောင်းကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် အခြေခံပညာမူလတန်းကျောင်း၊ အိုးဖို( မင်းပိုင်း)ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့၌ ငလျင်သဘာဝဘေးကယ်ဆယ်ရေး  လက်တွေသရုပ်ပြလေ့ကျင့်
Jan 19,2023
မန္တလေးတိုင်းဒေသကြီဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးဆောင်မှုဖြင့် ၊ရမည်းသင်းမြို့ နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းစီစဉ်မှုဖြင့် ငလျင်သဘာဝဘေးကယ်ဆယ်ရေး ဇာတ်တိုက်လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်၁၀နာရီခွဲခန့်က အမှတ်(၅) မြို့မအခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တီးတိန်၌ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ ပြုလုပ်
Jan 19,2023
ချင်းပြည်နယ်၊ တီးတိန်မြို့၌ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို အထက(၁)တီးတိန် စံကိုက်ညီကျောင်းဆောင်တွင် ဇန်နဝါရီ ၁၈ရက်နေ့ နံနက်၁ဝနာရီက ပြုလုပ်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ပညာရည် ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) အမှတ်(၂) အလယ်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆု ပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။
ရုရှားနိုင်ငံ MEPHI University မှ တာဝန်ရှိသူများ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ လာရောက်လေ့လာ
Jan 19,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၊ အမှတ်(၁) အခြေခံပညာအ ထက်တန်းကျောင်းသို့ ရုရှားနိုင်ငံ MEPHI University မှ Dr.Irina Dobrydina head of international admissions of MEPHI University  နှင့် Mariam Korkmazova manager of international admin department of MEPHI University တို့က ယနေ့နံနက်ပိုင်းက လာရောက်လေ့လာတွေ့ဆုံခဲ့သည်။     
တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jan 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍  စာရေးသူ သက်ဝေမောင် ရေးသားထားသော “ပြိုင်ပွဲဝင်ဆုရ လက်ရွေးစင်ဝတ္ထုတိုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ယင်းမာပင်၌ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ အမှတ်(၂) အခြေခံပညာအလယ် တန်းကျောင်းခွဲ၌ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်(၉)နာရီအချိန်က ပညာရေးစုံညီပွဲတော် ကျင်းပခဲ့ကြောင်းသိရသည်။
အ.ထ.က ကြို့ကုန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲ ကျင်းပ
Jan 19,2023
နိုင်ငံတော်မှ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီပညာရေး ကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်း နိုင်ကြစေရန် ရည်ရွယ်ချက် တို့ဖြင့် ယမန်နေ့နံနက် ၁၀နာရီ ၃၀မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာအ.ထ.က ကြို့ကုန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ပညာရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။