သတင်းများ

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ နွေရာသီနွားစာမြက်ရှားပါးမှု မဖြစ်စေရန် နေပီယာမြက်စိုက်ပျိုးမှုများလာ
Apr 21,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများသည် နွေရာသီနွားစာ မြက်ရှားပါးမှုမဖြစ်စေရန် နေပီယာမြက်စိုက်ပျိုးမှုများလာပြီးနွားစာရှားပါး မှုတစ်ထောင့်တစ်နေရာမှ ဖြေရှင်းနိုင်ပြီဖြစ်ကြောင်း နတ်ကြို့အိုင်ကျေးရွာနေပီယာ မြက်စိုက်ပျိုးထားသည့် တောင်သူဦးမင်းလှိုင်ထံကသိရသည်။
မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာထုတ်ပေး
Apr 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှ စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ် ဒေသအတွင်းစိမ်းလန်းစိုပြေစေရေး ရာသီဥတုကောင်းမွန်စေရန်အတွက် ပျိုးပင်ပေါင်း(သုံးသောင်း) အခမဲ့ဖြန့်ဝေနိုင်ရန်ပျိုးထောင်ထားရှိ
Apr 21,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိဒေသအတွင်း စိမ်းလန်းစိုပြေစေရေးရာသီဥတု ကောင်းမွန်စေရန်ရည်ရွယ်ပြီး ပြည်သူများသို့(အခမဲ့)ဖြန့်ဝေနိုင်ရန် ပျိုးပင်ပေါင်း(သုံးသောင်း) ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ကမ္ဘာကြီးပူနွေးလာမှုနှင့် ခရမ်းလွန်ရောင်ခြည်များအကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက်
Apr 21,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာကြီးပူနွေးလာမှုနှင့် ခရမ်းလွန်ရောင်ခြည်များအကြောင်း သိကောင်းစရာ Talk Show ကို ဧပြီ ၂၁ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖားကန့်မြို့နယ်အတွင်း ချောင်းရှင်းလင်း‌ရေးလုပ်ငန်းများ (၅၀)ရာခိုင်နှုန်းထိပြီးစီး
Apr 21,2023
ကချင်ပြည််နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ ဥရုချောင်းနှင့် ချောင်းလက်တက်များ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မတ်လ ၂၁ ရက်မှစတင်၍ ချောင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် (၅၀)ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ဘိုကလေးတွင် ဒေသန္တရစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (ဧပြီလ မှ မတ်လ) အထိ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ အခြေခံရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ အခြေခံ ရှေးဦးပြုစုနည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်သည်။
နမ္မတူမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား စတင်ထုတ်ပေး
Apr 21,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီအချိန်မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။