ကျောက်တော် ဧပြီ ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်းအချိန်က ရွေ့လျားစာကြည့်တိုက် Mobile Library စနစ်ဖြင့် မဟာကံကြီးရှင်ဘုရားရှိ ယာယီနေရပ်စွန့်ခွာစခန်းရှိ စာဖတ်သူများထံသို့သွားရောက်ပြီး စာအုပ်၊ စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေများအား လေ့လာဖတ်ရှုမှုပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကိုရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း၊ စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ရာ အဆိုပါစခန်းမှပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာငှားရမ်းဖတ်ရှုခဲ့ကြသည်။ ကျောက်တော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များနှင့်ယာယီနေရပ်စွန့်ခွာစခန်းများသို့ Mobile Library စနစ်ဖြင့် အပတ်စဉ်သွားရောက်ပြီး စာအုပ်၊ စာစောင်များအခမဲ့ငှားရမ်းပေးခြင်းများအား ပုံမှန်ကွင်းဆင်းငှားရမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း