သတင်းများ

ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာဘုရားပွဲတော်နှင့် (၄၇)ကြိမ်မြောက် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ
Apr 23,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(ဘီလူးကျွန်း)တွင် ဧပြီလ လဆန်းပိုင်းမှစ၍ လကုန်အထိရှေးအစဉ်အလာမပျက်ဧည့်သည်ခေါ်ဘုရားပွဲတော်ကို တစ်ရွာတစ်ရက်ကျင်းပပြီး မွန်တိုင်းရင်းသားတို့၏ရိုးရာ ယဉ်ကျေးမှုဓလေ့ဖြစ်သည့် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုတစ်ခုအနေနှင့်လည်း ထည့်သွင်းကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့ညနေ(၄:၃၀)နာရီက ကမာမိုကျေးရွာဘုရားပွဲ၌ (၄၇)ကြိမ်မြောက်ဘုရားဖူးနွားလှည်း ယဉ်ကျေးမှုပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ စလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား ကွင်းဆင်းကြည့်ရှုပြီး ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
Apr 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအား ဧပြီလ ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် နေအိမ်များအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ၍ ယနေ့နံနက် ၈ နာရီအချိန်က စလင်းမြို့နယ်အတွင်း ပြိုကျပျက်စီးခဲ့သည့် ဌာနဆိုင်ရာများရှိအအဆောက်အဦအချို့နှင့် ရပ်ကွက်ကျေးရွာများရှိ အဆောက်အဦအချို့ဆုံးရှုံးပျက်စီးခဲ့မှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ သား/ငါး ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စွာဖြင့် တစ်ပြေးညီ ဖွင့်လှစ်ရောင်းချရေး ညှိနှိုင်းဆွေးနွေး
Apr 23,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးတွင်  ဖွင့်လှစ်ရောင်းချလျက်ရှိသည့် သား/ငါးတန်းဈေးဆိုင်ခန်းများ အမိုးနှင့်ရောင်းချခုံများ သန့်ရှင်းသပ်ရပ်စွာဖြင့် တစ်ပြေးညီစနစ်တကျဖွင့်လှစ်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉:၃၀ နာရီက အဆိုပါမြို့မစည်ပင်သာယာ ဈေးအတွင်းရှိ ဈေးခေါင်းရုံး၌ ကျင်းပခဲ့သည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများကျင်းပ
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ် ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အစည်းအဝေးကျင်းပ
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း ပြန်လည်ဖွဲ့စည်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ အခမ်း အနားသို့ မြို့နယ်စာရေး ဆရာအသင်းဝင်များ၊ ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများ၊ လူမှုရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ သည်။
စလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူငယ်များဗဟုသုတကြွယ်ဝစေရေး စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Apr 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် လူငယ်များအသိပညာဗဟုသုတကြွယ်ဝစေရေးနှင့် နွေရာသီကျောင်းပိတ်ရက်များ၌ လူငယ်များမှန်ကန်သည့်အတွေးအခေါ်များနှင့် လက်တွေ့လူနေမှုနယ်ပယ်အတွင်း အကောင်းအဆိုးများကို ရွေးချယ်မှန်ကန်မှုရှိစေရန် စာအုပ်စာပေကိုချစ်မြတ်နိုးသည့် လူငယ်များဖြစ်လာနိုင်ပြီး နိုင်ငံသားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာစာအုပ်ပြပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမနှင့် စာကြည့်တိုက်အတွင်း ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပြသခဲ့သည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့အကြောင်း အသိပေးရှင်းလင်းပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Apr 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ Book Club ၊ Youth Club အသင်းနှင့် Women Club အသင်းများ ပြန်လည်ဖွဲ့စည်းခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဥပဒေဆိုင်ရာအထောက်အကူပေး‌ရေးအဖွဲ့အကြောင်းကို အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြုလုပ်
Apr 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သခွတ်ကွင်း ကျေးရွာအုပ်စုနှင့် တောကျွဲလူးကျေးရွာ အုပ်စုတို့တွင် ဧပြီ ၂၂ ရက်နေ့က မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။