သတင်းများ

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်း
Apr 26,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရွာကြီးကုန်းရပ်ကွက်အတွင်း ကလေး အလုပ်သမား ပပျောက်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက် ခဲ့သည်။
သာယာဝတီမြို့နယ် ပြန်/ဆက်ရုံးခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Apr 26,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီက စာရေးဆရာ ကိုဇော်ဌေး (ယဉ်ကျေးမှု) ရေးသားသော"လူငယ်နှင့်စိန်ခေါ်မှုများ" စာအုပ်ဖြင့် ပြန်/ဆက်ဝန်ထမ်းများက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြု လုပ်သည်။
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 26,2021
ပဲခူးတိုင်းဒေကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေးအား ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နွေရာသီ ရေရှားပါးမှု မရှိစေရေး စက်ရေတွင်းများ တူးဖော်ပေး
Apr 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ ပူပြင်း ခြောက်သွေ့သော နွေရာသီသောက်သုံးရေပြတ်လပ်မှုမရှိစေရေး ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေး နှစ်အတွင်း စက်ရေတွင်းများကို ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်များဖြင့် ကျေးရွာပေါင်း(၇)ရွာတွင် တူးဖော်ပေးလျှက်ရှိရာ ဝန်းသိုမြို့နယ်၊ ခပ်ချိုကျေးရွာတွင် စက်ရေတွင်း တူးဖော်ပြီးစီးမှု အခြေအနေများကို ကောလင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုးနှင့်တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အရှည်​​ ၂ မိုင်ရှိ အောင်းပင်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Apr 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုး၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ယမန့်နေ့က ဝန်းသိုမြို့နယ် အောင်းပင်ကျေးရွာ ကုန်ထုတ်လမ်းအား လမ်းအရည်အသွေး ၊ သိပ်သည်းမှု CBR တိုင်းတာစစ်ဆေးခြင်းအားကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ အဆိုပါအရှည် ၂မိုင်ရှိ ကျေးလက်ကုန်ထုတ်လမ်းမှာ ရာနူန်းပြည့်ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ် (၁၉) ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် အခမဲ့ထိုးနှံပေး
Apr 26,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါ အထွေထွေရောဝါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ အခမဲ့ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် တစ်ပိုင်တစ်နိုင် အာဆီယံသပြေ စိုက်ပျိုးရောင်းချသူများ အဆင်ပြေနေ
Apr 26,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြို့မအရှေ့ရပ်ကွက်၌ တစ်ပိုင်တစ်နိုင် အာဆီယံသပြေ စိုက်ပျိုး ရောင်းချသူများ အရောင်းအဝယ်သွက်၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့နယ်တွင် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလားအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအားကစားသမားများအား ပဏာမရွေးချယ်
Apr 26,2021
၂၀၂၁ခုနှစ်၊ မေလ(၄)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖလား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြဝတီမြို့နယ်အတွင်းရှိ အသက်(၂၁) နှစ်အောက် ဘောလုံးအားကစားသမားများအား ရွေးချယ်ပြုလုပ်ခြင်းကို မြဝတီမြို့ရှိ မြို့မဘောလုံးကွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။