သတင်းများ

ဘိုကလေးတွင် ဒေသန္တရစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (ဧပြီလ မှ မတ်လ) အထိ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ အခြေခံရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ အခြေခံ ရှေးဦးပြုစုနည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်သည်။
နမ္မတူမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား စတင်ထုတ်ပေး
Apr 21,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီအချိန်မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
မြောင်းမြမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 21,2023
ဧရာဝတီတိုင်းဒေသကြီး၊   မြောင်းမြမြို့၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြရွှေဝါခန်းမ၌  ဧပြီလ ၂၀ ရက်၊  နေ့လယ် ၂ နာရီအချိန်က မြောင်းမြမြို့နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 21,2023
၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က မကွေးခရိုင် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဘောလုံး အားကစား စိတ်ဝင်စားသည့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ကံမမြို့နယ် ဆုံကုန်းကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Apr 21,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလပ်လယ်ကျေးရွာအုပ်စု ဆုံကုန်းကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက ဆုံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။                   
နမ့်ခမ်းမြို့နယ်အတွင်း အခမ်းအနားများတွင် လွယ်လင့်တကူဆောင်ရွက်နိုင်ရန် အခမ်းအနားမှူးများအား ကြိုတင်ပြင်ဆင်လေ့ကျင့်သင်ကြား
Apr 21,2023
အခမ်းအနားများတွင် အစီအစဉ်တင်ဆက်သည့် အခမ်းအနားမှူးများအား မည်သည့်အခမ်းအနားမဆို အဆင်ပြေချောမွေ့လွယ်ကူစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ကြိုတင်ပြင်ဆင်လေ့ကျင့် သင်ကြားခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် (၁၄)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့အား Clean City ဖြစ်ပေါ်လာစေရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးဆောင်ရွက်
Apr 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ အမှိုက်ကင်းစင်သော မြို့တော်ဖြစ်ပေါ်လာစေရေးအတွက် ဌာနဆိုင်ရာများမှ မြို့သန့်ရှင်းရေးအား အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇း၀၀ နာရအချိန်က ငွေဆောင်မြို့ဝင် စစ်ဆေးရေးဂိတ် (၂၆ မိုင် ၁ ဖာလုံ) မှ ၂၉ မိုင်အထိ ခရီးအကွာအဝေး ၂ မိုင်နှင့် ၇ ဖာလုံအားအဖွဲ့များခွဲ၍ အမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။