ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄)မိုင်ဈေး မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

မောင်တော   ဧပြီ  ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၄) မိုင်ဈေးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ အချိန်က ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးကျော် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ ၊ ဈေးကော်မတီအဖွဲ့တို့မှ  (၄) မိုင်ဈေးရှိ ဈေးရောင်းချသူများအနေဖြင့် မီးလောင်မှုဖြစ်ပွားပါက ရှေးဦးစွာ မီးငြိမ်းသတ်ဆေးဘူးဖြင့်  စနစ်တကျဖြင့် မီးငြိမ်းသတ်မှုများ ၊ မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်တတ်စေရန် ဈေးသူ၊ ဈေးသားများအား  ရှင်းလင်းပြောကြားပြီး မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်  မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံး၊ ရေကန်များ၊ ရေပိုက်ခေါင်းများ ၊ မီးသတ်ဆေးဘူးများ အလွယ်တကူ အသုံးပြုနိုင်ရန် အဆင်အသင့်ဆောင်ရွက်ထားရန်၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင်ကြစေရန် ၊  ဈေးအတွင်း လှည့်လည်ကြည့်ရူစစ်ဆေး အကြုံပြုခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)