ဇေယျာသီရိ ဧပြီ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းအခြေခံပညာအထက်တန်းကျောင်း၌ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ရေဆင်းအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဘုန်းဆင့်နှင့် သင်ကြားရေးဆရာ/ မများ၊ ရေဆင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးမျိူးနှင့် စေတနာရှင်၊ အလှူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး အုပ်ချုပ်ရေးမှူးဦးမျိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဆုရရှိသည့်ကျောင်းသား/ သူများနှင့် သင်တန်းဆရာ၊ ဆရာမများ၊ အလှူရှင်၊ စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းသို့ ရေဆင်းကျေးရွာအုပ်စုမှ ကျောင်းသား/ သူ ၅၁ ဦးတက်ရောက်သင်ကြားပြီး သင်တန်းတွင်ငါးပါးသီလ၊ ဗုဒ္ဓဝင်ခုနစ်နေ့ဘုရားရှိခိုး၊ သုစရိုက်(၁၀)ပါး၊ ပုညကြိယာ(၁၀)ပါး၊ ယဉ်ကျေး ခြင်းအပိုင်း(၁)နှင့် (၂)၊ ယဉ်ကျေးလိမ္မာဆုံးမစာများအပိုင်း(၁)နှင့်(၂)၊ ကန်တော့ကြမယ်၊ ဒုစရိုက်(၁)ပါးစသည့် ဘာသာရပ်များကို ဧပြီလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)