သတင်းများ

တွံတေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Mar 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အလံအုပ်ကျေးရွာတွင် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)နှင့် AHF MYANMAR တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မတ်လ ၈ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပျော်ပွဲရွှင်ပွဲများ၊ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းများကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
သွားလာရခက်ခဲသော ယန်းကောင်းကျေးရွာအုပ်စု၊ တောင်ပေါ်ဒေသကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Mar 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ သွားလာရခက်ခဲသော ယန်းကောင်ကျေးရွာအုပ်စု၊ တောင်ပေါ်ဒေသကျေးရွာများသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
လဟယ်မြို့တွင် အသက်(၂)လမှ (၁၈)လအတွင်း က‌လေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံ
Mar 07,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ လဟယ်မြို့တွင် အသက်၂ လမှ ၁၈ လအတွင်းရှိ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန် လဟယ်ပြည်သူ့ဆေးရုံခန်းမအတွင်း ထိုးနှံပါသည်။
ပွင့်ဖြူမြို့၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် လျှပ်စစ်မီးသီးများ အသစ်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 07,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ယမန်နေ့က ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းမီးတိုင်များ လျှပ်စစ်မီးသီးလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
မသန့်ရှင်းသောရေနှင့်လက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကြောင့် ကြိုတင်ကာကွယ်နိုင်စေရန် ကျန်းမာရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်
Mar 07,2025
မသန့်ရှင်းသောရေနှင့် လက်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်စေရန် ကျန်းမာရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၇ နာရီက လှိုင်သာယာ(အနောက်) ၁၃ ရပ်ကွက်ရှိ ပင်လုံဈေးတွင် ကွင်းဆင်းဆောင်ရွက်သည်။
နတ်မောက်မြို့၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေး
Mar 07,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အလုံမြို့နယ်၌ ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးနိုင်ရေးနှင့် အသည်းရောင်အသားဝါအေရောဂါအကြောင်းအသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်
Mar 07,2025
အလုံမြို့နယ်၌ အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးနိုင်ရေးနှင့် အသည်းရောင်အသားဝါအေရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းတို့ကို ယမန်နေ့နံနက် ၈ နာ ရီ အချိန်ခန့်က ဆင်မင်းဈေးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ် ပ/ကျားထူးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Mar 07,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဧကဒဿမစက်ဝန်း ထုတ်ချေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက  ပ/ကျားထူးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။