Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဒေးဒရဲမြို့၌ မြန်မာ့သနပ်ခါးနေ့ ယဥ်ကျေးမှုဓလေ့အား ထိန်းသိမ်းစောင့်ရှောက်မှုအဖြစ် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကျင်းပ
Mar 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မြန်မာ့ယဥ်ကျေးမှုဓလေ့အား အလေးထားထိန်းသိမ်းတတ်စေရေးရည်ရွယ်၍ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားအား ယမန်နေ့ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ပူတာအိုမြို့၌ စည်ပင်သာယာရေးအဖွဲ့များနှင့် တွေ့ဆုံပြီး မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 05,2025
ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပူတာအိုမြို့ သန့်ရှင်းသာယာလှပရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အတွက် စည်ပင်သာယာရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်နိုင်ရေးအတွက် မတ် ၄ ရက် ညနေပိုင်းက ပူတာအိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော် (၁၁၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံစစ်ဓမ္မာ (၇) ကျမ်းမြတ် ဒေသနာရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Mar 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၏ (၁၁၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် “အသံစစ်အဘိဓမ္မာ (၇) ကျမ်းမြတ် ဒေသနာရွတ်ဖတ်ပူဇော်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ကျိုက်မှော်ဝန်း ရေလယ်စေတီတော်မြတ်ကြီး၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့နယ်၊ မိခင်ကလေးကျန်းမာရေးဌာန၌ (၅)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး
Mar 05,2025
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်ကလေးကျန်းမာရေးဌာန၌ (၅)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲခန့်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်အတွက် (၂၁)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Mar 05,2025
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်အတွက် (၂၁)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ နာယက ဒေါ်မြင့်မြင့်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး၊ တိုင်း/ ခရိုင်/ မြိုနယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် အောက်ဆန်ဂေါင်ကျေးရွာအတွင်း လယ်သီးထပ်ဆီထွက်သီးနှံ ဆီမုန်ညှင်းစိုက်ခင်းနှင့် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Mar 05,2025
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် စားရေရိက္ခာဖူလုံရေးအတွက် သီးထပ်စိုက် စွမ်းအားတိုးတက်မြှင့်မားရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးမှု တိုးတက်မြင့်မားလာစေရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ အထက်ဆန်ဂေါင်- လုံနဒမ်း-ဇီးယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား(ဒုတိယနေ့)ပြခန်းများနှင့် (တတိယနေ့) ဆွေးနွေးပွဲတက်ရောက်
Mar 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား (ဒုတိယနေ့) အဖြစ်ပြသထားသည့် ခရိုင်အလိုက် သစ်သီးဝလံပန်းမန်များနှင့် MSMEs ဒေသထွက်ကုန်ပစ္စည်းပြခန်းများအား မတ်လ(၃)ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကျင်းပ
Mar 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြယ်ခြင်းဖြင့် မြန်မာ့ရိုးရာ အမွေအနှစ် ဆင်ယင်ထုံးဖွဲ့ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ်ထင်ရှားလာအောင် ပြည်သူများအား ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1155
Page
1156
Page
1157
Page
1158
Current page
1159
Page
1160
Page
1161
Page
1162
Page
1163
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department