သတင်းများ

ရွှေပြည်သာမြို့နယ်၌ စာအုပ်လှူဒါန်းပွဲနှင့် ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ
Mar 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ကော်မတီမှလှူဒါန်းသော စာအုပ်များအား ရပ်ကွက်‌/ကျေးရွာ စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းတည့်(၁၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမ၌ ကျင်းပသည်။
ဒဂုံတက္ကသိုလ်၌ အဆို၊ အက၊ အတီး (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
Mar 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဒဂုံတက္ကသိုလ်၌ ဒဂုံတက္ကသိုလ်အနုပညာအသင်းမှကြီးမှူးသော အဆို၊ အက၊ အတီး(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
တပ်ကုန်းမြို့နယ်၌  ဆည်ရေများဖြင့် နွေးစပါး ၁၀၁၇၉ ဧက လျာထားစိုက်ပျိုး
Mar 06,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေဆည်၊ မုန်ဆည်နှင့်ကင်းသာဆည်များမှ ယခုနှစ်နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးရန် ၁၀၁၇၉ ဧကအတွက် စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ငါန်းဇွန်မြို့နယ်၌ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်
Mar 06,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ မှ မွန်းလွဲ ၁ နာရီအချိန်ထိ ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး) အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်းအစီအစဉ်ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမိုးအောင်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ မဲစာရင်းမှန်ကန်ရေးနှင့် မြေပြင်လူဦးရေစီစစ်အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 06,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲစာရင်းမှန်ကန်ရေးနှင့် မြေပြင်လူဦးရေစီစစ်အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် အစားအသောက်နှင့် ရေမှတဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီးရေးအတွက် ကွင်းဆင်းဆောင်ရွက်
Mar 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အစားအသောက်နှင့် ရေမှတဆင့် ကူးစက်တတ်သောရောဂါများနှင့် ပတ်သက်၍ ကာကွယ်တားဆီးရေးအတွက် အသိပညာပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ဧကရာဇ်ရပ်ကွက်၊ ထောက်ကြန့်ရတနာသီရိဈေးအတွင်းရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရေကြည်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေး
Mar 06,2025
ယခုအခါ‌ နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ စာသင် ကျောင်းများ၊ စက်ရုံအလုပ်ရုံများနှင့် လူနေအိမ်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ     ဦးစိုးနိုင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ယ‌နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။
ပေါင်းတည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ကျောင်းသား ကျောင်းသူ ၄၃၁ ဦး ဝင်ရောက်ဖြေဆိုမည်
Mar 06,2025
၂၀၂၅ ခုနှစ်၊ မတ်လတွင် ကျင်းပမည့် အခြေခံပညာအဆင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်မှ ကျောင်းသား ၁၈၈ ဦး၊ ကျောင်းသူ ၂၄၃ ဦး စုစုပေါင်း ၄၃၁ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။