သတင်းများ

ဥတ္တရသီရိမြို့နယ် ဂွေးချိုကျေးရွာ စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ဂွေးချိုကျေးရွာ “ပညာအလင်းရောင်” စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ရာ  ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။
ငရုတ်ကောင်းမြို့၌ အမှိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းဆောင်ရွက်
Jun 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်‌၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးဝန်း‌ရှေ့တွင် ယမန်နေ့နံနက် (၉)နာရီက အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်းကို ဆောင်ရွက်ခြင်းခဲ့ကြောင်း သိရသည်။
ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ် တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jun 29,2025
ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ် တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ့(၃)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ (၃၂)ကြိမ်မြောက် ခေမာရဋ္ဌဗျာဒိတ်ပေးရပ်တော်မူဘုရားကြီး အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ
Jun 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၃၂)ကြိမ်မြောက် ခေမာရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲခမ်းအနားကို ယနေ့နံနက်က အာရုံခံတန်ဆောင်းတွင်ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)အဖွဲ့ဝင် ၃ ဦးလုကာ၊ အဖွဲ့ဝင်-၄ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
တာချီလိတ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ
Jun 29,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၁၀ နာရီက မိုင်းဟဲကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာတွင်ကျင်းပခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူပြု AI ဉာဏ်ရည်တုနည်းပညာပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်
Jun 29,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ ခေတ်မီနည်းပညာများလက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူဖြစ်စေသည့်AI ဉာဏ်ရည်ထုနည်းပညာပြန့်ပွားရေးလုပ်ငန်းကို ဇွန်လ ၂၉ ရက်နေ့က ထားဝယ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာရှိ တိုင်းရင်းသား ယဉ်ကျေးမှုစင်တာ တည်ဆောင်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး
Jun 29,2025
ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၌ တည်ဆောက်လျက်ရှိသော တိုင်းရင်းသားယဉ်ကျေးမှု စင်တာသို့ ရောက်ရှိရာ ဦးစွာရှင်းလင်းဆောင်တွင်PROJECT ZONE A (2.97 Acres)နှင့်PROJECT ZONE B(2.96 Acres) တည်ဆောက်ရေးလုပ်ငန်းကုမ္မဏီ တာဝန်ရှိသူများမှ မွန်၊ ကရင် ပအိုဝ်း၊ ဗမာတို့၏ရိုးရာနေအိမ်၊ အဆောက်အဦ ဆောက်လုပ်မှုနှင့် ပက်သက်၍ ရှင်းလင်းတင်ပြကြောင်း သိရသည်။
တပ်ကုန်းမြို့နယ် တရော်ပင်အင်း(ကျီးအင်း)ကျေးရွာ “မျိုးဆက်သစ်” စာကြည့်တိုက်ဖွင့်လှစ်
Jun 29,2025
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် တရော်ပင်အင်း(ကျီးအင်း) ကျေးရွာ “မျိုးဆက်သစ်” စာကြည့်တိုက်အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။