သတင်းများ

ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘက်ရဲမြို့၊ ကိုအင်းကျေးရွာတွင် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 29,2025
ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development Day) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ ကိုအင်းကျေးရွာရှိ ကွင်းအမှတ် ၁၅၄ ကုန်ထုတ်လမ်းဘေးဝဲယာ တွင် ယနေ့နံနက် ၈ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကိုအင်းကျေးရွာတို့ ပူးပေါင်းပြီး မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jun 29,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ကျန်းမာ‌ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)ရက်ကွက်ရှိ နောင်ခမ်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ် ဝန်ထမ်းပေါင်းစုံနှင့် GEC (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းတို့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
Jun 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ဝန်ထမ်းပေါင်းစုံနှင့် GEC (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းတို့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်း ကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ် အိုက်လုံ-အိုက်ငို့ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Jun 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အိုက်လုံ-အိုက်ငို့ကျေးရွာချင်းဆက် ကျောက်ချောကို ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 
မင်းတုန်းမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၌ မြို့နယ်လျှပ်စစ်မှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၇ နာရီခွဲက ပြည်သူများအန္တရာယ်ကင်းရှင်းစွာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရန် မြို့နယ်စည်ပင်သာယာရေးဈေးတွင် ပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၅) အခြေခံ ပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်းကျင်းပ
Jun 29,2025
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူလူငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြာပွဲ၊ လူငယ်စာဖတ်ဝိုင်းများနှင့် အသိပညာပေးပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ “လူငယ်တို့၏အောင်မြင်ရေးအတွေးအမြင်များ”ခေါင်းစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 29,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီက ကိုင်းပညာရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။