သတင်းများ

နမ့်စန်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့် အစီအမံများ ဇာတ်တိုက်လေ့ကျင့်
May 11,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ စနစ်တကျ တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက
မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်း သိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားတက်ရောက်
May 11,2023
မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်း သိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို မေလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက စေတီတော်မြတ်ကြီး၊ ရင်ပြင်တော်၊ ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်အရှင်သူများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် အသက် (၁၅) နှစ်နှင့် အသက် (၁၈) နှစ်အောက် ဘောလုံးပြိုင်ပွဲများသို့ မွန်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဘောလုံးအသင်းများ အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
May 11,2023
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အသက် (၁၅)နှစ်နှင့် အသက် (၁၈) နှစ်အောက် ဘောလုံးပြိုင်ပွဲများသို့ မွန်ပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဘောလုံးအသင်းများ အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Online Shopping နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ
May 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက (Online Shopping)နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပခဲ့သည်။
မိုင်းယန်းမြို့ခရိုင်၊ မိုင်းယန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသင့်စုဖွဲ့ထားရှိမှု လက်တွေ့သရုပ် ပြသ
May 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသင့်စုဖွဲ့ထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်
May 11,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။
ဥတ္တရခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်
May 11,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ယမန်နေ့နံနက် ၉ နာရီ တွင် ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ကျိုက်မရော၌ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသံချဲ့စက်ဖြင့်နှိုးဆော်
May 11,2023
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီ၏စီမံမှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသံချဲ့စက်များဖြင့်  လိုက်လံနှိုးဆော်ခြင်း၊  ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈နာရီက လိုက်လံပြုလုပ် ခဲ့ကြသည်။