သတင်းများ

မချမ်းဘော၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ပြသ
May 10,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြည်သူများ မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုက်တင်ကာကွယ်ရေးဆိုင်ရာများကို သိရှိစေရန် ရည်ရွယ်၍ မုန်တိုင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်တို့ကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့ စာကြည့်တိုက်ရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များပြသ
May 10,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် ယနေ့နံနက် ၉ နာရီအချိန်က မုန်တိုင်းဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲပြုလုပ်
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်၁၀ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျွန်းစုမြို့တွင် မုန်တိုင်းတိုက်ခတ်သည့်အခါတွင် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ရန် အချက်များ အသိပေးနှိုးဆော်
May 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မုန်တိုင်းတိုက်ခတ်သည့်အခါတွင် ဘေးအန္တရာယ်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ရန် အချက်များအား ယနေ့နံနက်(၁၁)နာရီအချိန်က မြို့ပေါ် အမှတ်(၁)ရပ်ကွက်၌ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ထားမှုအား ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး
May 10,2023
ပျော်ဘွယ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါ ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယနေ့နံနက်(၁၁)နာရီခွဲက မြို့နယ်အတွင်း ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားသည့် မြို့နယ်မီးသတ်စခန်း၊ အမေထိန်းခန်းမနှင့် အာယုသုခအောက်ဆီဂျင်စက်ရုံတို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကော့ကရိတ်မြို့ ပြည်သူ့စာကြည့်တိုက်၌ သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသ
May 10,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ မိုးကြိုကာလတွင် ဖြစ်တတ်သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် ပြည်သူများမှ သဘာဝဘေး အန္တရာယ်ကို သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှ စတင်ကာ သဘာဝဘေးအန္တရာယ် အသိပညာပေးအကြောင်းအရာများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်နိုင်ရန်သရုပ်ပြဇာတ်တိုက်ဆောင်ရွက်
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန်အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို  ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်လှစ်
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။