ကဝ မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက (Online Shopping)နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးကျော်ဆန်းဝင်းက(Online Shopping)နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့်အချက်များ၊ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆွေးနွေးပြောကြားကာ စားသုံးသူပြည်သူများ ထုတ်ကုန်ပစ္စည်းများသုံးစွဲသည့်အခါ အခက်အခဲများရှိပါက တိုင်းဒေသကြီး၊ ခရိုင်များတွင် ဖွင့်လှစ်ထားသည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(CICC)များ၊ Website ၊ Facebook Page၊ Call Center များသို့ တိုင်ကြားနိုင်ကြောင်း ပြောဆို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)