နတ်တလင်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

နတ်တလင်း မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၁ဝ)နာရီက ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ   ဒေါ်လဲ့ဝါမြင့်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှဦးစီးမှူး ဒေါ်စုမြတ်ထွေးက မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်မှုများ၊ မြို့ပေါ်ရပ်ကွက်များသို့ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ဆောင်ရန်ရှောင်ရန်များကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

 နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများ အကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူး ထုတ်လွှင့်ခြင်းအား  မြို့နယ်ရုံး(Community Centre)ခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ထားထားဦး( ပြန်/ဆက်)