လားရှိုး မေ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် လားရှိးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက လားရှိုးခရိုင်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှရရှိလာမည့် အသီးအပွင့်များကိုလည်း ဒေသခံပြည်သူများအားလုံး ရရှိခံစားနိုင်ရေးနှင့် အမှန်တကယ် ဆောင်ရွက်သင့်သည့် ဦးစားပေးလုပ်ငန်းများ၊ နိုင်ငံတော်၊ ခရိုင်နှင့် ဒေသခံပြည်သူများကို အကျိုးပြုသည့် လုပ်ငန်းများကို ဆက်လက်ဖော်ထုတ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ထို့နောက် လားရှိးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူ များထံ အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံကိန်းဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထွန်းက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆောင်ရွက်ရမည့် လုပ်ငန်းများ တာဝန်များအပေါ် ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်းသည်။
ခရိုင်ပြန်/ဆက်