သတင်းများ

ရွှေဘိုမြို့စည်ပင်သာယာ​​စျေးတွင် မုန်တိုင်းဘေးအန္တရာယ် လက်ကမ်းစာစောင်နှင့် Mask များ ဖြန့်ဝေ
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရွှေဘိုခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊​ ရွှေဘိုမြို့နယ် ကြက်​ခြေနီအသင်း၊ လူမှုကူညီ​ရေး အဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီအချိန်က ရွှေဘိုမြို့ စည်ပင် သာယာစျေးအတွင်း၌ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်နှင့် Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ်ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ် ၁/၂၀၂၂ ဒုတိယနှစ်နှင့် ၃/၂၀၂၃ ပထမနှစ် သင်တန်းသား၊ သူများအား ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားများ တက်ရောက်
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ သင်တန်းအမှတ်စဉ် ၁/၂၀၂၂ ဒုတိယနှစ် နှင့် ၃/၂၀၂၃ ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားကို မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မုံရွာပညာရေး ဒီဂရီကောလိပ် ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရွှေဘိုမြို့တွင် မုန်တိုင်းနှင့်ပတ်သက်၍ အသိပညာပေးပိုစတာ စိုက်ထူ
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ၊ မုန်တိုင်း ဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေး ပိုစတာများ စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက အများမြင်သာသည့် ​ရွှေဘို-မြစ်ကြီးနားလမ်း ပန်းခြံကျုံးဘေးတွင် စိုက်ထူဆောင်ရွက်ရာ သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု​ကော်မတီအဖွဲ့ဝင်များ ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 10,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၀ ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပခဲ့သည်။
ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာ ဇလွန်မြို့တွင် စိုက်ထူ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာကို ယနေ့နံနက် ၈ နာရီတွင် မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အ. ထ. က မေရီလန်း၊ အ.ထ.က ပျဥ်းမကုန်းတို့တွင် စိုက်ထူခဲ့ကြသည်။
တာလေမြို့၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ အ.ထ.က(၁)နှင့် အ.ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်းရှေ့များတွင် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ
May 10,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ(၉)ရက်နေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့ကြောင်းသိရသည်။
မင်းလှမြို့တွင် မုန်တိုင်းဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်
May 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုခါမိုင်တိုင်း‌ဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် မုန်တိုင်းဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မေ ၁၀ ရက် နံနက် ၉ နာရီခွဲချိန်ကဆောင်ရွက်ခဲ့သည်။