သဲကုန်းမြို့တွင် လေဘေးသင့်အိမ် ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်
May 13,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အမိုးလန်ပျက်ဆီးသွားသည့် နေအိမ်မှ အိမ်ထောင်စုဝင်များကို ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေက လေဘေးသင့် ပြည်သူများ၏လက်ဝယ် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။