နမ့်စန်(တ) မေ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ စနစ်တကျ တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အ.ထ.က(နမ့်စန်)ဘောလုံးကွင်းအတွင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တပ်မတော်အရာရှိကြီးများ၊ နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းက သဘာဝဘေးမုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင် ဇာတ်တိုက် လေ့ကျင့်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို လိုက်လံနှုတ်ဆက်ကာရေပြင်/မြေပြင် ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ကယ်ဆယ်ရေးယာဉ်များ၊ လူနာတင်ယာဉ်များ၊ ဆေးဝါးကုသရေးပစ္စည်းများ၊ စားနပ်ရိက္ခာ အထောက်အပံ့ပစ္စည်းများ ကြိုတင်ပြင်ဆင် စုဆောင်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး၍ ရှာဖွေကူညီ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် မှုကို ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို နမ့်စန်တပ်နယ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် တပ်မတော်သားများ၊ နမ့်စန်ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့နှင့်လုပ်ငန်း ကော်မတီများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)