မုဒုံ မေ ၁၁
မွန်ပြည်နယ် မုဒုံမြို့နယ်၌ စားသုံးသူပြည်သူများ အစားအစာနှင့် ဆေးဝါးများသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ယနေ့နံနက် ၈ နာရီက ကော့ခပုံကျေးရွာအတွင်းရှိ ကုန်ပစ္စည်းစျေးဆိုင်များနှင့် ဆေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ဆောင်ရွက်ရာတွက် မော်လမြိုင်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိဟံသာမွန်နှင့် ဝန်ထမ်းများ၊ ကျေး/လက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မုဒုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ညွှန်ကြားချက်များအတိုင်း သတ်မှတ်ချက်နှင့်မကိုက်ညီသော သက်တမ်းလွန်အစားအစာများ၊ ကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ၊ ဆေးဝါးများ ထောက်ခံချက် ရှိ / မရှိ တို့ကို ကျေးရွာအတွင်းရှိ စျေးဆိုင် (၁၀)ဆိုင်အား စစ်ဆေးခဲ့ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်သော တာရှည်ခံဓာတ်ပစ္စည်များ၊ ဆိုးဆေးများပါဝင်သော ကုန်ပစ္စည်းစားသောက် ကုန်များကို ရောင်းချခြင်းမပြုရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေး၍ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)